close-mid back rounded vowel | |
---|---|
o | |
IPA Number | 307 |
Encoding | |
Entity (decimal) | o |
Unicode (hex) | U+006F |
X-SAMPA | o |
Braille |
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
အနောက်တစ်ဝက်ပိတ်အဝိုင်းသရ (အင်္ဂလိပ်: close-mid back rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨o⟩ အဖြစ်ပြဆိုသည်။
ဤသရသည် မြန်မာသရသန့်သန့် (၇) ခုထဲမှ တစ်ခုဖြစ်၍ အို-သရ ဟု ခေါ်ဆိုသည်။ မြန်မာစကားရှိ အနောက်တစ်ဝက်ပိတ်အဝိုင်းသရသည် အခြေခံသရများပါ အနောက်တစ်ဝက်ပိတ်သရထက် လျှာအနေအထား အနည်းငယ်ပို၍ နိမ့်သည်။[၁]
အနောက်တစ်ဝက်ပိတ်ဆူဝိုင်းသရ သည် အနောက်တစ်ဝက်ပိတ်အဝိုင်းသရ၏ အသုံးအများဆုံးမူကွဲသရဖြစ်၍ သဒ္ဒဗေဒအက္ခရာသုံး၍ ⟨o⟩ အဖြစ် ရှင်းလင်းစွာရေးသားဖော်ပြနိုင်သည်။ သဒ္ဒဗေဒအက္ခရာတွင် နှုတ်ခမ်းဆူခြင်းကို သတ်မှတ်ထားခြင်းမရှိသောကြောင့် နှုတ်ခမ်းပိုင်းအတွက် ရှေးယခင် သင်္ကေတ ⟨ ̫⟩ ကိုသုံး၍ သင့်တော်သလို ⟨o̫⟩ ဟူ၍ ရေးသားနိုင်သည်။ အခြားရေးသားနိုင်သည့်ပုံစံများမှာ ⟨oʷ⟩ (သို့) ⟨ɤʷ⟩ ဖြစ်သော်လည်း သရတွဲသံအဖြစ် မှားယွင်းဖတ်မိနိုင်ပေသည်။